Monday, September 6, 2010

အလစ်သုတ်သူ ရှိတက်သည်

မြဘုရား အနီး ၀ပ်မဟာထပ် ကျောင်းထဲတွင် ထမစပ် တက္ကသိုလ် စာကြည့်တိုက်သွားရန် ခဏမှေးနေစဉ် သူခိုး တစ်ယောက်မှ အိပ်လာနိုက်ပါသည်။၂ ရက်မြောက်က လည်း ကွန်ပျူတာပျောက်ထားသည်။ အခု လည်း သူခိုး လာနိုက်သိလျှက်နှင့် ဘာလုပ်ရမလို ဖြစ်နေသည်။ ထိုင်း နိုင်ငံ ဘန်ကောက် မှာ လည်း ဘာမှ စိတ်မချရဖြစ်နေသည်။

Thursday, September 2, 2010

ကွန်ပျူတာ ပျောက်သောနေ့

သောကြာနေ့ 3 Sep2010ခုနှစ် ၀ပ်တလုံးကျောင်း ဘန်ကောက်မြို့ မှာ မြန်မာရဟန်းတော် ၁၀၀ ပါးကျော် အိန္ဒိယ၊ကမ္ဘောဒီးယား၊ထိုင်း စသည့် ရဟန်းတော်များနေထိုင်ရာ ၌ လွန်ခဲ့သော ၂ နှစ်ကျော်က ဘတ် ၂၄၅၀၀ ဖြင့် ၀ယ်ထားသော ကွန်ပြုတာပြောက်ဆုံးသွားသည်။ မိုးလင်းသော မနက် ၆ နာရီ ကျော် ဆွမ်းခံထွက်ချိန်၌ အခန်း တခါး မြောက်လက် ကို ဖျက်၍ ခိုးသွားပါသည်။
သံဃာတော်များစွာနေသောကျောင်း၌ ဖျက်ဆီး ခိုးတာ လည်းအံသြ စရာ ဖြစ်သပါသည်။ ထိုင်နိုင်ငံရောက်ခါစ ကျောင်းဝင်ကြေး ဖေါင်ခ ၅၀၀ ဘတ် ။လေဉ်ခ ဒေါလာ ၂၀၀ နီးပါး၊ ကျောင်းလခ ခြောက်လစာ ဘတ် ၁၅၀၀၀ တို့ ကြောင့် ကွန်ပျူတာဝယ်ဖို့ကျပ်သွားပါသည်။ ကွန်ပျူတာ မ၀ယ်လို့ မဖြစ်သော MA ကျောင်းသား တယောက် အတွက် ကွန်ပျူတာ မရှိ၍ မဖြစ်။
မြန်မာပြည်မှာ ကိုင်သော ဒတ်စတော့ ကွန်ပျူတာကို ရောင်းထားခဲ့သည်။ ရှိစုမဲ့စု နှင့်မြန်မာပြည်မှ လာလည်သော မြ၀တီ မဟာစည် ဦးဉာဏဗလ ဆီမှချေး၍ ၀ယ်ထားပါသည်။ နှမျောသော် လည်း သင်္ခါရ တရား နှင့် ရန်သူမျိုး (၅)ပါးကို မလွန်ဆန်နိုင်သောကြောင့် မတက်နိုင်ပါ ခင်ဗျာ။

မိတ်ဆွေတို့အနေဖြင့် ဆက်သွယ်လိုလျှင်
vencandasiri@gmail.com

ven.sanda@yahoo.com
Phone +13477252080

လာလည်သွားလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP