Thursday, March 17, 2011

ပစ်စပို

လူဝင်မှူ့ ကြီးကြပ်ရေးမှ ၀ပ်တလုံးသို့ လာစစ်ပါသည်။
ပိုင်စုထိ (ထိုင်းသာသနာဝင်ကပ်ပြား) ၊(၁၀)နှစ်ခံ တောင်ပေါ်သားကပ် များရှိသော်လည်း ခေါ်ယူ သင်္ကန်း ချွတ်ပါသည်။

Sunday, December 12, 2010

ကြောင်ကလေး

Thursday, November 4, 2010

အင်ဒိုနီးရှား ရွှေတိဂုံ





အင်ဒိုနီးရှားရွှေတိဂုံ ဆိုပေမည့် အင်ဒိုနီးရှာုးုံနိုင်ငံ ဆုမတြာ မြောက်ကွန်း တွင်တည်ရှိသော ဘုရား ဖြစ်ပါသည်။
အင်ဒိုနီးရှားရွှေတိဂုံသည် အမြင့်ပေ (၁၃၅)ပေ မြင့်၍ ရဟန်း တစ်ထောင်ကျော် ဆွေးနွေးတိုင်ပင် ညှိနိုင်း၍ ရနိုင်းသောနေရာ ဖြစ်ပါသည်။ မြန်မာရဟန်းတော် (၆)ရာ၊ ထိုင်းနိုင်ငံမှ (၃)ရာ၊အခြား သီရိလင်္ကာ လာအို ကမ္ဘောဒီးယား အမေရိကန် ယုဂန္ဓာ စသည့် အသီးသီး နိုင်ငံမှ (၂) ရာကို အစည်းအဝေး၌ ပင့်ဖိတ်ပါသည်။ ယင်း အစည်း အဝေးသည် သံဃာ ညီညွှတ်ခြင်းကို ပြသရာ လည်းရောက်ပါသည်။၂၉ ရက် နံနက် ၉ နာရီတွင် ဘန်ကောက်လေဆိပ် မှ ထွက်၍ မလေးရှာ ကွာလန်လန်ပူ လေဆိပ်မှ အင်ဒိုနီးရှား မဒန် လေဆိပ်ကို လေယဉ်ဖြင့် သွားပါသည်။မေဒန် မြို့သည် ဆုမတြာ ကျွန်း၏ မြို့တော်ဖြစ်ပါသည်။ ဆုမတြာရာ မေဒန် မှ Brastagi (ဘရစတီ) သို့ (၂) နာရီ ကား မောင်းရပါသည်။ Ihe Inauguration Ceremony of Shwedagon Pagoda Replica, International Buddhist Centre - Taman Alam Lumbini ကို ၃၀ -၃၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

Monday, September 6, 2010

အလစ်သုတ်သူ ရှိတက်သည်

မြဘုရား အနီး ၀ပ်မဟာထပ် ကျောင်းထဲတွင် ထမစပ် တက္ကသိုလ် စာကြည့်တိုက်သွားရန် ခဏမှေးနေစဉ် သူခိုး တစ်ယောက်မှ အိပ်လာနိုက်ပါသည်။၂ ရက်မြောက်က လည်း ကွန်ပျူတာပျောက်ထားသည်။ အခု လည်း သူခိုး လာနိုက်သိလျှက်နှင့် ဘာလုပ်ရမလို ဖြစ်နေသည်။ ထိုင်း နိုင်ငံ ဘန်ကောက် မှာ လည်း ဘာမှ စိတ်မချရဖြစ်နေသည်။

Thursday, September 2, 2010

ကွန်ပျူတာ ပျောက်သောနေ့

သောကြာနေ့ 3 Sep2010ခုနှစ် ၀ပ်တလုံးကျောင်း ဘန်ကောက်မြို့ မှာ မြန်မာရဟန်းတော် ၁၀၀ ပါးကျော် အိန္ဒိယ၊ကမ္ဘောဒီးယား၊ထိုင်း စသည့် ရဟန်းတော်များနေထိုင်ရာ ၌ လွန်ခဲ့သော ၂ နှစ်ကျော်က ဘတ် ၂၄၅၀၀ ဖြင့် ၀ယ်ထားသော ကွန်ပြုတာပြောက်ဆုံးသွားသည်။ မိုးလင်းသော မနက် ၆ နာရီ ကျော် ဆွမ်းခံထွက်ချိန်၌ အခန်း တခါး မြောက်လက် ကို ဖျက်၍ ခိုးသွားပါသည်။
သံဃာတော်များစွာနေသောကျောင်း၌ ဖျက်ဆီး ခိုးတာ လည်းအံသြ စရာ ဖြစ်သပါသည်။ ထိုင်နိုင်ငံရောက်ခါစ ကျောင်းဝင်ကြေး ဖေါင်ခ ၅၀၀ ဘတ် ။လေဉ်ခ ဒေါလာ ၂၀၀ နီးပါး၊ ကျောင်းလခ ခြောက်လစာ ဘတ် ၁၅၀၀၀ တို့ ကြောင့် ကွန်ပျူတာဝယ်ဖို့ကျပ်သွားပါသည်။ ကွန်ပျူတာ မ၀ယ်လို့ မဖြစ်သော MA ကျောင်းသား တယောက် အတွက် ကွန်ပျူတာ မရှိ၍ မဖြစ်။
မြန်မာပြည်မှာ ကိုင်သော ဒတ်စတော့ ကွန်ပျူတာကို ရောင်းထားခဲ့သည်။ ရှိစုမဲ့စု နှင့်မြန်မာပြည်မှ လာလည်သော မြ၀တီ မဟာစည် ဦးဉာဏဗလ ဆီမှချေး၍ ၀ယ်ထားပါသည်။ နှမျောသော် လည်း သင်္ခါရ တရား နှင့် ရန်သူမျိုး (၅)ပါးကို မလွန်ဆန်နိုင်သောကြောင့် မတက်နိုင်ပါ ခင်ဗျာ။

Saturday, April 3, 2010

ယနေ့ ဆွမ်းခံထွက်ရာ၌ ထိုင်းဘုန်းကြီး ကြီးမှ ရဟန်းဖြစ်ပုံရသည့် တပါး “ ဘယ်ကျောင်းကလည်း” “ ၀ပ်တလုံး” ကလို့ ပြန်ဖြေတော့“ မြန်မာလား” တဲ့ “မှန်ဘ ” ဘုရားပြောတော့ “၀ပ်ချင် ကို ၀င်မလာ နဲ့ ”လို့ အမိန့် ရှိပါသည်။
ဆွမ်း ခံထွက်ရာတွင်ဝေးသောကြောင့် ၀င်ထွက် လည် ခြင်း ပေး ခြင်း အခါအားလျှော်စွာ အိမ်သာ တက်ခြင်း တို့ကို ပြုလုပ်လေ့ရှိပါသည်။ လူသဘော သဘာဝ ဟာ စဉ်စားစရာ ဖြစ်ပုံကို တွေးတော၌ ကျောင်းရောက်လာ၏။
စကားစပ်လို့ ၀ပ်တလုံး ကျောင်း၌ မြန်မာ ရဟန်းတော် (၆၀) ၊ ဘန္ဂလားဒေ့ (၇၅) ပါး လောက် ကမ္ဘောဒီးယား(ခမိန်) (၁၅)ပါး ၊ထိုင်း (၁၀) ပါး လောက် အိန္ဒိယား စသည့် ရဟန်းတော် နေထိုင်သောကြောင့် သံဃာတော်များ များသောကြောင့် ဆွမ်းခံ ရာတွင် သိပ် မရပါ။နေရာထိုင်ခင်း လည်း ကျပ်တည်းပါသည်။
စာမေးပွဲ (၂၉.၃.၂၀၁၀) နေ့တွင်ပြီးသွား၍ သက်သက် သာသာတော့ရှိပါသည်။အမှန်တကယ်ကတော့ (၃၁.၃.၂၀၁၀)တွင် စ၍ (၁)လ တရားထိုင်ရမည် သို့သော် သင်္ကြာန် ပြီး မှ ဆိုတော့ (၁၅) ရက်ပေါ့ နောက်နှစ် ဆက်ထိုင်ပေါ့။ စည်းမျည်း အရ မဟာဝိဇ္ဇာ သည် တရားတလ ထိုင်ပြီးမှ ဘွဲ့ပေး မည် ဟူသောအချက် လည်းရှိပေသည်။

Tuesday, February 2, 2010

အဘိဓမ္မာ ဆရာ

Dr PHRAMAHA THOTSAPORN IDDHIVARO P. 9
WAT SAPUR
watsapur@hotmail.com

မိတ်ဆွေတို့အနေဖြင့် ဆက်သွယ်လိုလျှင်
vencandasiri@gmail.com

ven.sanda@yahoo.com
Phone +13477252080

လာလည်သွားလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP